heinsithu's post
cancel
Showing results for 
Search instead for 
Did you mean: 
Level 6

Burmese: မြေကမ္ဘာသန့်ရှင်းရေး ဒေသလမ်းညွှန်များမှကူညီပေး- ဒေသလမ်းညွှန်စီမံချက်

မြေကမ္ဘာသန့်ရှင်းရေး ဒေသလမ်းညွှန်များမှကူညီပေးမြေကမ္ဘာသန့်ရှင်းရေး ဒေသလမ်းညွှန်များမှကူညီပေး

နိဒါန်း

ပလပ်စတစ်ထုတ်ကုန်ပစ္စည်းများသည် ကျွနု်ပ်တို့ နေ့စဉ်လူနေမှုဘဝအား အပြုသဘောဆောင်သည့်နည်းလမ်းဖြင့် ပြောင်းလဲစေခဲ့ပါသည်။

ထုတ်လုပ်ရာတွင်ကုန်ကျစရိတ်သက်သာသော ပလပ်စတစ်ထုတ်ကုန်ပစ္စည်းများကို ကျွနု်ပ်တို့၏ နေ့စဉ်လူနေမှုဘဝများတွင် အများဆုံးအသုံးပြုလျက်ရှိပါသည်။ စျေးဝယ်အိတ်မှသည် ကားနှင့်ကွန်ပျူတာများအထိ သော်လည်းကောင်း၊ ရောင်စုံအမှတ်အသားပြုမင်တံမှသည် မီးဖိုချောင်သုံးပစ္စည်းများအထိသော်လည်းကောင်းအသုံးပြုလျက်ရှိကြပါသည်။

အရောင်အသွေးစုံလင်၍ ပေါ့ပါးသော ပလပ်စတစ်ပစ္စည်းများသည် ကျွနု်ပ်တို့၏ ဘဝအတွက် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေလျက်ရှိပါသည်။

 

Stationery shop  - Coloured pensStationery shop - Coloured pens

စက္ကူနှင့်စာရေးကိရိယာပစ္စည်းအရောင်းဆိုင် - ရောင်စုံမင်တံများ

 

အလွယ်တကူစျေးပေါပေါဖြင့်ထုတ်လုပ်နိုင်သော ပလပ်စတစ်ထုတ်ကုန်ပစ္စည်းများကို အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ကား၊ ကွန်ပျူတာ၊ လယ်ယာလုပ်ငန်း၊ ဆေးဝါး နှင့် အခြားကဏ္ဍများတွင် အသုံးပြုလျက်ရှိပါသည်။ ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော တစ်ခါသုံးဆေးထိုးပြွန်များနှင့် ခွဲစိတ်ရာတွင်အသုံးပြုသော ထုတ်ကုန်များသည် ကျွနု်ပ်တို့၏ အသက်များအား နေ့စဉ် ကယ်တင်စောင့်ရှောက်လျက်ရှိပါသည်။

 

ပလပ်စတစ်ထုတ်ကုန်ပစ္စည်းများသည် ကျွနု်ပ်တို့ နေ့စဉ်လူနေမှုဘဝအား အပြုသဘောမဆောင်သည့်နည်းလမ်းဖြင့် ပြောင်းလဲစေခဲ့ပါသည်။
ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူထုတ်လုပ်နိုင်သည့် ပလပ်စတစ်ပစ္စည်းများကို  အသုံးပြုပြီးသည့်အခါ မကြာခဏဆိုသလို စွန့်ပစ်လေ့ရှိပါသည်။

ပန်းကန်ပြားများ၊ မှန်များ၊ ဘူးများ နှင့် ပလပ်စတစ်အိတ်များအား အမြဲတစေ လစ်လျူရှုကာ လွယ်လင့်တကူ စွန့်ပစ်လေ့ရှိပါသည်။ ကုန်ကျစရိတ်နည်းပါးသက်သာမှုကြောင့် အကျိုးရှိစွာ ပြန်လည်အသုံးပြုခြင်းမရှိကြပါ။

 

Caption: A patch of colorful plastic caps covers the beach on the morning of January 1st 2018Caption: A patch of colorful plastic caps covers the beach on the morning of January 1st 2018

 

ပတ်ဝန်းကျင်တွင်အလွယ်တကူစွန့်ပစ်ထားသော သေးငယ်ပေါ့ပါးသော ပလပ်စတစ်များသည် မိုးရွာ၍ သော်လည်းကောင်း လေတိုက်၍ သော်လည်းကောင်း မြစ်ချောင်းများအတွင်းသို့ မျောပါသွားကြပြီး သမုဒ္ဒရာအတွင်းသို့ရောက်ရှိသွားကြပါသည်။

လေ၊ မိုး နှင့် လှိုင်းဒဏ်များသေးငယ်သော အပိုင်းအစများအဖြစ်သို့ရောက်ရှိသွားကြပြီး ရေပေါ်တွင် ပေါလောမျောလျက်ရှိပါသည်။

ငှက်များနှင့်ငါးများသည် ၎င်းတို့ အစာချေဖျက်နိုင်ခြင်းမရှိသည့် ရောင်စုံပလတ်စတစ်အပိုင်းအစများသည် အစာအိမ်ထဲတွင် စုပုံလာသည်။ပလတ်စတစ်အိတ်များအတွင်းသို့ ဝင်ရောက်မိသွားသော ငါးများသည် အပြင်သို့ပြန်မထွက်နိုင်တော့ပေ။

သမုဒ္ဒရာရေစီးကြောင်းများသည်အကြီးမားဆုံးပစိဖိတ်အမှိုက်ထုပ်ဟူ၍ လူသိများသော ပလတ်စတစ်အမှိုက်များအား စုစည်းစေရာတွင် ကူညီပေးပါသည်။ ပလတ်စတစ်ညစ်ညမ်းမှုသည် မြေကမ္ဘာအတွက် အကြီးမားဆုံးသော အန္တရာယ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ခြင်းသည် ဒေသခံလမ်းညွှန်များ၏ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်လာခဲ့ပါသည်။

 

မည်ကဲ့သို့လုပ်ဆောင်သလဲသိချင်ပါသလား? ဆက်လက်ဖတ်ရှုပါ။

Hein
Yangon, မြန်မာ
2 comments
Level 6

Re: Burmese: မြေကမ္ဘာသန့်ရှင်းရေး ဒေသလမ်းညွှန်များမှကူညီပေး- ဒေသလမ်းညွှန်စီမံချက်

DSC04934.JPG

 

158x198px 1.PNGဤစီမံချက်သည် ဒေသလမ်းညွှန်လောကအတွက် အထူးစီမံချက်ပင်ဖြစ်ပါသည်။ တူညီသော လုပ်ဆောင်ချက်အစီအစဉ်များအား #LocalGuidesCleanTheWorld ဟူသော ခေါင်းစဉ်အောက်တွင် ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ ကျွနု်ပ်အတွက်မူ၊ ယခုစီမံချက်သည် ပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုနှင့်ဆက်နွှယ်သောလုပ်ငန်းဆောင်တာကိစ္စရပ်များအား သတ်မှတ်ရာတွင် လွယ်ကူမှုရှိစေသည့်အတွက် အရေးကြီးသည်ဟုထင်ပါသည်။ အဓိကအားဖြင့် ယခုနှစ်တွင်ပြုလုပ်မည့် ပလတ်စတစ်ညစ်နွမ်းမှုအကြောင်းပင်ဖြစ်ပါသည်။ ယခုစိတ်ကူးစိတ်သန်းဖြင့် လိုဂိုအသစ်တစ်ခု တီထွင်ဖန်တီးရန် ပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပါသည်ဒေသလမ်းညွှန်ပြိုင်ပွဲ: စီမံကိန်းအသစ်အတွက်လိုဂိုဖန်တီးခြင်း. လိုဂိုအား မဲပေးခဲ့ကြပြီး ယခုအခါ အဆိုလိုဂိုဒီဇိုင်းရှိနေပြီဖြစ်ပါသည်။

ယခုစီမံချက်နှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာများဖြစ်သည့် တွေ့ဆုံပွဲများ၊ ပထဝီလေ့လာရေးလမ်းလျှောက်ခြင်းများ၊ စာရွက်စာတမ်းများနှင့် တီရှပ်များတွင် အသုံးပြုနိုင်ပါသည်။  ဤနေရာတွင် လိုဂိုအား ဒေါင်းလုဒ်ရယူနိုင်ပါသည်

အဆင့် () - ပညာရေး

(ဤနေရာတွင်ပိုမိုဖတ်ရှုပါလူအများစုသည် ပြဿနာကို သတိမမူ ဂူမမြင်ရှိကြသည်။ ဒေသလမ်းညွှန်များအနေဖြင့် ကောင်းမွန်သော ပညာရေး/သတင်းအချက်အလက်မျှခြင်း၊ ကျောင်းသား/သူများနှင့်တွေ့ဆုံပွဲများစီစဉ်၍ ပလတ်စတစ်၏ အန္တရာယ်အားရှင်းလင်းပြောကြားခြင်းနှင့် ပလတ်စတစ်များအား ပြန်လည်စုဆောင်း၍ အလွယ်တကူအသုံးပြုနိုင်မည့်နည်းလမ်းများအားရှင်းလင်းပြောကြားခြင်းများဆောင်ရွက်နိုင်ပါသည်။ ဒေသလမ်းညွှန်များသည် ကျောင်းသားများနှင့်ဆရာ/ဆရာမများ၊ ကလေးသူငယ်များနှင့် မိဘများပင်ဖြစ်ပါသည်။ (အဖိုးအဖွားများအချို့လည်းပါဝင်ပါသည်)

  • စာသင်ကျောင်းများတွင်အသုံးပြုနိုင်သော အသိပညာပေးရာတွင်အသုံးပြုနိုင်မည့် ပစ္စည်းများ စီစဉ်နိုင်ပါသည်။ l
  • ကျောင်းသား/သူများအား 3R အယူအဆဖြစ်သည့် (လျော့-ပြန်လုပ်-ပြန်သုံး) ကို သင်ကြားပေးနိုင်သည့် အစီအစဉ်များအား ဆောင်ရွက်နိုင်ပါသည်။
  • အသိပညာပေးတွေ့ဆုံပွဲ' များ စီစဉ်နိုင်ပါသည်။
  • အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ဖိတ်ခေါ်၍ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သုတေသနပြုစေခြင်းများဆောင်ရွက်နိုင်ပါသည်။

၎င်းတို့အား အဆင့် () နှင့် () အထိ ဖိတ်ခေါ်နိုင်ပါသည်။ ဒေသလမ်းညွှန်များအနေဖြင့် အသိပညာပေး/သတင်းပေးစာစောင်များ ပြင်ဆင်ပေးခြင်းဖြင့် စိတ်ဝင်စားဖွယ်ရာဖြစ်နိုင်စေရန် ဆောင်ရွက်နိုင်ပါသည်။

 

အဆင့် () - စာရွက်စာတမ်းများပြင်ဆင်ခြင်း
ဓာတ်ပုံမျှဝေပြသနိုင်သော တွေ့ဆုံပွဲများ သို့တည်းမဟုတ် တစ်ဦးချင်းအလိုက် ဓာတ်ပုံပြသမျှဝေခြင်းများအား ဖိတ်ခေါ်အပ်ပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ပလတ်စတစ်ကြောင့်ညစ်ညမ်းနေသည့် နေရာများဖြစ်သည့် လမ်းများ၊ မြစ်များ၊ အများပြည်သူသုံးပန်းခြံများ၊ ကမ်းခြေများ၊ တောင်တန်းများ( တောင်တက်သူများမှ စွန့်ပစ်ခဲ့သော ပစ္စည်းများအကြောင်း ကျွနု်ပ်တွေးနေမိပါသည်။) အဆိုပါရည်မှန်းချက်သည် အဆင့် () အတွက်ဖြစ်နိုင်ပါသည်။ ဓာတ်ပုံအယ်လ်ဘန်များအား  “ပလတ်စတစ်ညစ်ညမ်းမှုနှင့်သက်ဆိုင်သောကျွနု်ပ်၏ မြေပုံများသို့ ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ ဓာတ်ပုံများအား လူမှုကွန်ယက်များတွင် #LocalGuidesCleanTheWorld ဟူသော Hashtag အားအသုံးပြု၍ မျှဝေသွားရန်ဖြစ်ပါသည်။

 

အဆင့် () - အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

  • မြေကမ္ဘာအားသန့်ရှင်းပါ- အဆင့်() တွင်ရွေးချယ်ခဲ့သော နေရာဒေသများတွင် သန့်ရှင်းရန်အတွက် စေတနာ့ဝန်ထမ်းတွေ့ဆုံပွဲများပြုလုပ်ခြင်း။
    ဒေသခံမဟုတ်သည့် ဒေသလမ်းညွှန်များအားလည်း အဆိုပါပွဲသို့ ဖိတ်ခေါ်အပ်ပါသည်။ ဒေသလမ်းညွှန်အစီအစဉ်များအားလည်း မျှဝေသွားမည်ဖြစ်ပါသည်။ ဓာတ်ပုံများနှင့်ဗီဒီယိုများလိုအပ်မည်ဖြစ်ပါသည်။
  • ဒေသလမ်းညွှန်များနှင့်အတူ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းခြင်း နှင့်တစ်နေ့တာပြီးဆုံးပါက သန့်ရှင်းသန့်ရပ်သည့်နေရာတွင် ပျော်ပွဲစားပွဲ/ပါတီပွဲများစီစဉ်ခြင်း။
  • နေရာသတ်မှတ်ရွေးချယ်ခြင်း - သန့်ရှင်းရေးဆောင်ရွက်မည့် နေရာများအားသတ်မှတ်ရွေးချယ်၍ စေတနာ့ဝန်ထမ်းတွေ့ဆုံပွဲများပြုလုပ်ခြင်း။
    • လူမှုဆက်နွှယ်သန့်ရှင်းရေး - မိမိတို့ကိုယ်တိုင်ဂရုစိုက်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုများ၏ အိမ်ခြံဝင်း သို့မဟုတ် သင်သိသော တစ်စုံတစ်ယောက်၏ အိမ်ခြံဝင်းများ ရှင်းလင်းပေးခြင်း။ ဖော်ပြထားသည့် အချက်များ၏ ကောက်နုတ်ချက်များအားပလတ်စတစ်ညစ်နွမ်းမှုနှင့်သက်ဆိုင်သော ကျွနု်ပ်၏မြေပုံများသို့ ချိတ်ဆက်သွားမည်ဖြစ်ပါသည်။

အဆင့် ()- ပုံနှိပ်ဖြန့်ချိခြင်း 

ပလတ်စတစ်ညစ်နွမ်းမှုနှင့်သက်ဆိုင်သော ကျွနု်ပ်၏မြေပုံများ အား ပြုလုပ်၍ ကမ္ဘာမြေသန့်ရှင်းရေးအစီအစဉ်များအား မီးမောင်းထိုးပြလျက်ရှိသည့် နေရာများအား အဆင့် () ပါအစီအစဉ်အတိုင်း ဖော်ပြသွားမည်ဖြစ်ပါသည်။
နေရာတစ်နေရာစီအတွက် ကျွနု်ပ်တို့ပံ့ပိုးသွားမည်မှာ-

  • Mymaps တွင်ဖော်ပြထားသည့် ရွေးချယ်ထားသည့် ဓာတ်ပုံတစ်ပုံ
  • နေရာ/ပြပွဲအစီအစဉ်၏ဓာတ်ပုံအယ်ဘမ် Link တစ်ခု
  • Connect တွင် ပြောခဲ့ပြီးသည်များအား ပြန်လည်ပေါင်းရုံးသည့် Link တစ်ခု။                                                               

Mymaps အား လူမှုကွန်ယက်များတွင် #LocalGuidesCleanTheWorld   ဟူသော Hashtag ဖြင့် မျှဝေသွားရန်ဖြစ်ပါသည်။

 

အဆင့် ()- အလေ့အကျင့်ကောင်းများ

(ယခုနေရာရှိစာစောင်) နှင့်အတူ  သက်ဆိုင်ရာ မီဒီယာသတင်းများ
ပလတ်စတစ်ညစ်ညမ်းမှုအား တိုက်ဖျက်လျက်ရှိသည့် ရလာဒ်ကောင်းများထွက်ပေါ်ခဲ့သည့် မြို့များ/နိုင်ငံများအား ဖော်ပြခြင်း။

ပြန်လည်အသုံးပြုခြင်း သို့မဟုတ် ပြန်လည်အသုံးချခြင်းမှ ရလာဒ်ကောင်းများထွက်ပေါ်ခဲ့သည့် ထုတ်ကုန်ပစ္စည်းများသည် အများသူငှာများအား ထိုကဲ့သို့ပစ္စည်းများပြုလုပ်ကြရန် တွန်အားပေးနိုင်မည်ဖြစ်ပါသည်။  ယခုနည်းလမ်းအားဖြင့် ပြဿနာအား ဖြေရှင်းလျက်ရှိသည့် နိုင်ငံများမှလည်း အကူအညီအထောက်အပံ့များ ရရှိနိုင်ပါသည်-

  • အင်တာဗျူးမေးမြန်းနိုင်ပြီး ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများပြုလုပ်သည့် စက်ရုံများအား အလည်အပတ်သွားရောက်နိုင်ရေး တွေ့ဆုံပွဲများပြုလုပ်ခြင်း
  • ပြန်လည်အသုံးပြုနိုင်ရေးကျွနု်ပ်တို့၏ နေ့စဉ်ဘဝတွင် မည့်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဗီဒီယိုများ

DSC04783e.jpg

ယခုစာစောင်အား သင်၏ လူမှုကွန်ယက်စာမျက်နှာတွင် #LocalGuidesCleanTheWorld and #LocalGuides ဟူသော Hashtags များအသုံးပြု၍ မျှဝေပေးပါ။ 

ဖတ်ရှုခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဒေသလမ်းညွှန်များနှင့်အတူ ပျော်ရွှင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

 

Ermes

@heinsithu @ErmesT

Hein
Connect Moderator

Re: Burmese: မြေကမ္ဘာသန့်ရှင်းရေး ဒေသလမ်းညွှန်များမှကူညီပေး- ဒေသလမ်းညွှန်စီမံချက်