Oyster Island In Rakhine State.

#Sittwe ကနေ ရက်ချင်းပြန်သွားလို့ရတဲ့ short trip လေးတစ်ခု ကိုဖော်ပြပေးလိုက်ပါတယ်…

#Oyster_Island(#Mayu_Island)
#Oyster_Lighthouse
အွိုင်စတာမီးပြ (ခေါ်) မယူမီးပြ
မြန်မာနိုင်ငံရဲ့ အစောဆုံးမီးပြတိုက်တွေထဲက တစ်ခု
Sittwe, Rakhine, Myanmar

အွိုင်စတာကျွန်း( #Oyster_Island ) ရခိုင်ပြည်နယ် မြို့တော်စစ်တွေရဲ့ အနောက်မြောက်ဖက် 25km (15 miles ) ခန့်အကွာ မယူမြစ်၀ကအထွက် ဘင်္ဂလားပင်လယ်အော် LAT: 20° 12’ N , LON: 092° 32’ E မှာတည်ရှိတဲ့ ကျွန်း

#Sittwe ကနေ ရက်ချင်းပြန်သွားလို့ရတဲ့ short trip လေးတစ်ခု ကိုဖော်ပြပေးလိုက်ပါတယ်…

#Oyster_Island(#Mayu_Island)
#Oyster_Lighthouse
အွိုင်စတာမီးပြ (ခေါ်) မယူမီးပြ
မြန်မာနိုင်ငံရဲ့ အစောဆုံးမီးပြတိုက်တွေထဲက တစ်ခု
Sittwe, Rakhine, Myanmar

  1. အွိုင်စတာကျွန်း( #Oyster_Island ) ရခိုင်ပြည်နယ် မြို့တော်စစ်တွေရဲ့ အနောက်မြောက်ဖက် 25km (15 miles ) ခန့်အကွာ မယူမြစ်၀ကအထွက် ဘင်္ဂလားပင်လယ်အော် LAT: 20° 12’ N , LON: 092° 32’ E မှာတည်ရှိတဲ့ ကျွန်းလေးပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ Oyster Reef, screw pile light (1876-1884) နေရာမှာ ယခုတွေ့မြင်ရတဲ့ Oyster Island Lighthouse ကို အစားထိုး တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ 1885 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး 1892 ခုနှစ်ကတည်းက အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် အငွေ့အသက်တွေ ကျန်နေသေးတဲ့ ကျွန်းလေးပေါ့။ ကျွန်းပေါ်မှာ ပင်လယ်လိပ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး မြန်မာနေဗီ၊ ခြေလျင်တပ်နဲ့ အမြောက်တပ်တို့ တပ်စွဲထားပါတယ်။ ကျွန်းအကျယ်အ၀န်းက ရေပြည့်ချိန်ဆို ပေ 400 ပတ်လည်လောက်ပဲရှိပြီး ရေလုပ်သား အနည်းအကျဉ်းသာ လာရောက်နေထိုင်ကြပါတယ်။

စစ်တွေကနေ စက်လှေနဲ့ စိမ်းပြာကြည်လဲ့နေတဲ့ ပင်လယ်ကြီးကိုဖြတ်ကာ (၂) နာရီကျော်လောက် သွားရပါတယ်။ သွားရ လာရ သိပ်မလွယ်လှပေမဲ့ ပင်လယ်ထဲမှာ မီးပြတိုက်ကြီးနဲ့ အရမ်းလှတဲ့ ကျွန်းလေးပေါ့။ ရေတွေက ကြည်ပြာနေပြီး ရေထဲက ငါးလေးတွေကိုပါ မြင်နေရတာက အရမ်း ရင်ခုန်ဖို့ကောင်းပါတယ်။

22 Likes

Beautiful

@KSO Amazing Island!

Yes, It is very nice Island.

Wonderful Island @KSO the light house is also nice. Thanks for sharing a beautiful place with us.

Thanks